အားလုံးမင်္ဂလာပါ လို့ပဲနှုတ်ခွန်းဆက်လိုက်ပါတယ်ဗျာ....
ဒီနေ့ (29.09.2007) မှာပဲ ကျနော့်ရဲ့ဘလော့ခ်လေး အဆုံးသတ်ဖြစ်တော့တယ်.....
ကျနော် ဘလော့ခ်ရေးမယ်ဆိုတော့ ကျနော့်အသိ ၁ယောက်ကိုမေးကြည့်တယ်..
ဘလော့ခ်ရေးမယ်ဗျာ.....ဘယ်ကနေ အကူအညီ ရနိုင်မလဲပေါ့...
အဲဒီအသိက ပြောတယ်...
ကိုစေတန် ဘလော့ခ်ကို ပြောပြတယ်....
အဲ...ဒီလိုနဲ့ပဲ စရေးဖြစ်တော့တယ် ပေါ့ဗျာ...
မြန်မာတွေ လွယ်လွယ်ကူကူ နဲ့ ဖတ်နိုင်တယ်....
အသိပညာတွေ ဖလှယ်နိုင်တယ်......
ဘလော့ခ်ဂါတွေရဲ့ သူတို့သိတာလေးတွေ သူတို့တတ်တာလေးတွေ ဆွေးနွေးထားကြတော့
ဖတ်ရတဲ့သူတွေအတွက်လည်း အကျိုးရှိတာပေါ့ဗျာ....
ကျနော်လဲ အဲဒါလေးတွေ ကြိုက်လို့ ဘလော့ခ်ရေးဖြစ်သွားတာပေါ့ဗျာ....
ကျနော် ဘလော့ခ် လုပ်ရတဲ့ ရည်ရွယ်ချက်ကလဲ အဲဒီလိုပဲ...
ကြာပြီဗျ....ရေးမယ် ရေးမယ်နဲ့....အခုမှပဲ အကောင်အထည် ဖော်နိုင်တော့တယ်....
ဘလော့ခ်..ဘလော့ခ် နဲ့ ၃ရက်လောက်တော့ ကြာသွားတယ်ဗျ....
ကျောင်းကလည်းတက်နေရ သေးတော့ အတော်ဆိုးသဗျ....
အိပ်ရေးပျက်တာပေါ့ဗျာ...
ဒီဘလော့ခ် ရေးတုန်းမှ နေမကောင်း လာဖြစ်နေသေးတယ်...
ခက်တာက ကျနော် မြန်မာလက်ကွက်ကို ကောင်းကောင်းမရတာပဲ...
မြန်မာလို ဒီလိုမျိုး အတော်များများကို ရိုက်ကိုမရိုက်ဖူးတာ...
လက်ကိုညောင်းနေတာပဲဗျို့ .......
ဒါပေမဲ့ အဆင်ပြေ ပြီးစီးသွားလို့အတော်ပဲ ၀မ်းသာမိပါတယ်ဗျာ....
ဒီနေ့ ပို့စ် စတင်မယ်ဆိုတော့ ဘာတင်ရမလဲစဉ်းစားနေရင်းနဲ့...
ငါပို့စ်စတင်တဲ့ အကြောင်းကို တင်တာအဆင်ပြေပါတယ်လေဆိုပြီး ဒီပို့စ်ကိုတင်ဖြစ်သွားတာပါ...
အခုလို လာရောက်ဖတ်ရှု တဲ့ အတွက်လည်းကျေးဇူးပါပဲဗျာ....
နောင်ခါများမှာလဲ အချိန်ရရင် ရသလို ပို့စ်တွေကိုတင်သွားပါဦးမယ်.....
ရွှင်လန်းချမ်းမြေ့ပါစေ......။
Sunday, September 30, 2007
ဘလော့ခ် စတင်ခြင်း............
စာရေးသူ...
ကိုရွှေမန်း
at
Sunday, September 30, 2007
0
ယောက်ရဲ့အမြင်
Subscribe to:
Posts (Atom)
